အမေစု

အားလုံးကိုချစ်ခင်လေးစားလျှက် ''ဤ Blog သည် မည်သည့်အဖွဲ့ အစည်းနှင့်မျှ ပက်သက်ဆက်နွယ်မှု မရှိပါ။

Saturday, December 31, 2011

`~အတိတ်ခြေရာ~`


~~အတိတ်ခြေရာ~~
ဆောင်းနွေအကူး
တပေါင်းလေရူး
ချစ်ဦးသူနဲ့
ဝေးခဲ့ရပြီ...၊
ဤကမ္ဘာမြေ
အကြင်နာတွေ
ကင်းစင်ပေမဲ့
ချစ်ခဲ့ပါတယ်...။
ဆွေးရယ်မပြယ်
နွေလယ်ရင်ပူ
လွမ်းနေသူက
တမ်းတပေမဲ့
ပြန်မရတဲ့
အတိတ်ရဲ့ချိန်
နေမှိန်ပျောက်ဆုံး
အမှောင်ဖုံးလွှမ်း
လကွယ်လမ်းမှာ
လျှောက်လှမ်းဆဲပါ...။
                                           (15,12,2011/9:35pm)

Thursday, December 15, 2011

“ဆောင်း ကြွေ နွေ”


“ဆောင်း ကြွေ နွေ”


ဆီးနှင်းမြူဝေ..

ချွေတဲ့ ဆောင်း.. ပြန်ပြောင်းလို့ သစ်ခဲ့တယ်…

ပုရစ်ဖူးတို့ စီချယ်…

ရွက်သစ်တွေရယ်... ဝေခဲ့ပါပြီ………

အမြတ်နိုးဆုံး. နှင်း..

မင်းကို ချစ်ခြင်း သမုဒယ …

ယုယကာ ကျိန်တွယ် မပြတတ်ပေမဲ့…

ခုဘ၀မှာ..

သက်ဆုံးထိတိုင်…

စွဲမြဲခိုင်မာ … နှောင်တွယ်ကာငြိ….

မင်းသိစေချင်တဲ့ ဆန္ဒ…

ငါ့ရင်မှာ… ထာဝရ ရှိနေမှာပါ..။

အမှတ်တမဲ့နဲ့. မိုးလင်းခဲ့ရတဲ့…

ညတစ်ညရဲ့.. လရိပ်အောက်မှာ…

အမှတ်တရနဲ့ … ငြိခဲ့ရတာက…

ငါ့နှလုံးသားမှ… သံယောဇဉ်….

နှင်း… ပျောက်တဲ့ နွေ… ကို ....
ရင်မဆိုင်ရဲသော… ဆောင်း....

ရွက်ဟောင်းကြွေတတ်တဲ့…

နွေမျက်ဝန်းတွေ….
ရှစ်ခွင်မှိုင်းတဲ့ … အရိုင်းမြေမှာ ...
နေရစ်ခဲ့ဘို့ဆိုတာ…
ဆောင်းရင်ငွေ့နဲ့… အသက်ဆက်ရသူအဖို့…
ဆို့နင့်ကြေကွဲမှု…. ဇာတ်လမ်းတစ်ပုဒ်…
အရင်းအနှီးလုပ်ပြီး…
အဆုံးသတ် ပျက်ကြွေခြင်း… ဖြစ်ရမှာပါ…..။

အစိမ်းရောင်ခမ်းဆီးစတွေ…
လွင့်ပျံနေတာတောင်…
ရင်ထဲလှုပ်ခတ်လွန်းလို့…

ဆောင်းနှင်းစက်..ရဲ့…
အစိမ်းရောင်သန်းတဲ့..
ဒီမျက်ဝန်းနဲ့ ... စကားလုံး တစ်ချို့…
ငါရင်ဆိုင်ဘို့…
စွမ်းအား.. မရှိတာ မှန်ပေမဲ့...
နင်ချန်ခဲ့တယ် ဆိုရင်တော့ ...
နေခဲ့ရဲတဲ့ အားအင် ...
ရင်ထဲ ရှိအောင်... ပျိုးရမှာပါပဲ....။


ဒါပေမဲ့ ...
နင် မမေ့ပါနဲ့.. နှင်းစက်..
နင်ပေးတဲ့အသက်..နဲ့..
ဆောင်းရက်တွေ... ရှည်ခဲ့ရတာလေ...
နှင်းပျောက်တဲ့ နွေ မှာ....
ဆောင်းက ... ဘယ်လို အသက်ဆက်ရမှာတဲ့လဲ...?
ဖြေနိုင်တယ်ဆို ... ဖြေပါ နှင်းစက် ....
စိမ်းရက်ခဲ့မယ် ဆိုရင်လဲ...
ကြိုတင်လို့တော့... အသိပေးပါနော်..
ဆောင်းဥယျာဉ်က ... ပန်းကလေးတွေကိုလဲ...
ဝိုင်းကူ.. ငိုပေးတတ်အောင်...
ငါ... သင်ပေးထားချင်လို့ပါ....။


“ထာဝရ ဆောင်းသစ္စာ”

“ကဗျာ (သို့) ရင်ဖွင့်သူ”


“ကဗျာ (သို့) ရင်ဖွင့်သူ”


ကဗျာဟာ.. ငါလား…

ငါဟာ.. ကဗျာလား…

ခွဲခြားဘို့ ခက်လှပေမဲ့ ….

ငါ ပျော်ရွှင်တဲ့အခါ…

ငါ့ အဖေါ်ဟာ.. ကဗျာ….

ငါ စိတ်ညစ်တဲ့ အခါ…

ဖေးမပေးတာ.. ကဗျာ…

ကဗျာတွေနဲ့.. ထုဆစ်..

ငါဟာ.. လူ ဖြစ်ခဲ့တယ်….။


စကားလေးတွေ.. လှချင် လှမယ်….

ဒါဟာ.. ကဗျာ ဖြစ်တယ်….

ကာရံတွေ.. နွဲ့ချင် နွဲ့မယ်…

ဒါဟာ.. ကဗျာ ဖြစ်တယ်…

အရေးအသားတွေ.. ထန်ချင် ထန်မယ်…

ဒါဟာ .. ကဗျာ ဖြစ်တယ်…

ကဗျာတွေကို…

ငါက ဖန်ဆင်းတာ မဟုတ်…

ကဗျာတွေကသာ.. ငါ့ကို ဖန်ဆင်းပါတယ်….

ကဗျာတွေက..

ပုံဖေါ်ထားတဲ့… ငါ့ အဇ္ဇျတ္တ…

ကဗျာတွေကြားမှ.. ငါ့ကို ရှာတွေ့နိုင်မှာပါ….။


ရင်တွင်း အပြုံး..

နှလုံးက မျက်ရည်…

အထိရောက်ဆုံး.. စကားလုံးလေးတွေနဲ့…

ရေးချယ်နိုင်တာ.. ကဗျာ….။

အပူမိသမျှ..

လူသိအောင် ပြ…

ရေးသီချနိုင်တာ.. ကဗျာ….။

ငါ့ ကဗျာတွေမှာ….

ရယ်မောသံစဉ်.. ပါချင် ပါမယ်…

ငိုကြွေး သံစဉ်.. ဖြစ်ချင် ဖြစ်မယ်…

ဘာတွေပဲ… ဖြစ်နေပါစေ….

ငါဟာ… ကဗျာ ဖြစ်သလို…

ကဗျာဟာ… ငါ ဖြစ်တယ်….

ကဗျာတွေနဲ့… ထုဆစ်…

ငါဟာ.. လူဖြစ်ခဲ့တယ်….။


“ထာဝရ ဆောင်းသစ္စာ”

Wednesday, December 14, 2011

“ဆန္ဒ”

~~ဆန္ဒ~~

မလှမပ
မောင့်ဘဝက
မသေချာလမ်း
တကယ်တမ်းပဲ
လျှောက်လှမ်းမိနေ...။
ဘဝတွေခြား
ဝေးကွာသွားရင်
ဖြစ်ချင်ဆုံးက
မင်းရဲ့အလှ
မင်းဘဝမှာ
ဖိုးရွှေလလို
နှုပျိုလန်းဆမ်း
ပိတောက်ပန်းလို
မနွမ်းခြောက်ပဲ
လျှောက်လှမ်းနိုင်ပါစေ...။
                                                   (07-Dec-11,11:22:24 PM)

“သဇင်ပန်း”

သဇင်ပန်း

သဇင်ပန်းဟာ
ပင်ယံမှာပဲ
တင့်ပါတယ်လေ...။
မောင့်ဘဝက
အညတရ
မင်းဘဝနဲ့
မထိုက်တဲ့သူ
မိုက်ခဲ့သူပါ...။
မလှမ်းဝံ့ဝံ့
လှမ်းယူချင့်လဲ
ရင်ထဲမှာပဲ
သိမ်းဆဲပါ့မယ်...။
နန်းလယ်တောဝယ်
သဇင်ရယ်က
ပန်းများသခင်
မောင့်ရင်ခွင့်ထက်
ပင်ယံထက်က
မြတ်ပါတယ်လေ...။
                                   (05-Dec-119:32:53 PM)

“မမေ့ခဲ့ပါချစ်သူ”

~~မမေ့ခဲ့ပါချစ်သူ~~
မေ့မရည
မင်းအလှက
တွေ့စရစ်မူး
ချစ်ရိပ်လူးဖြာ
နှစ်ဦးကမ္ဘာ
ပျော်စရာည
ဘယ်အခါမှ
ကိုကမမေ့
တစ်နေ့တွေ့နိုး
တွေ့လိမ့်နိုးနဲ့
ပြန်ဆုံမဲ့ရက်
မျှော်လင့်လျှက်ပါ..ချစ်ရသူ။
                                         (5.12.2011,10:30PM)

Friday, November 4, 2011

"မောင်သိပ်ချစ်ရတဲ့ "ခင်""

တွေ့ဆုံခဲ့တဲ့ အချိန်လေး
မမေ့သေးဘူးဆိုရင်
မောင့် ရင်ခွင့်နန်းတော်
မျှော်ကာနေပါ့မယ်...။
မောင် သိပ်ချစ်တဲ့ ခင်
နေ့စဉ်တမ်းတ လွမ်းညများလဲ
ကုန်ခဲလှပါဘိ...
မောင့်ဘဝ မောင့်ညကမ္ဘာ
ခင် လာမဲ့လမ်းကို 
စောင့်ကြိုလို့ အငိုမျက်ရည်
ပင်လယ်ဝေခဲ့ပေါ့...။
မောင်လုပ်ခဲ့တဲ့ အပြစ်
ခင်မနှစ်မြိုံ့ရင် 
ဖြစ်စဉ်တစ်ရပ် မောင်မှတ်ထားပါ့မယ်...။
ခင်မင်မှုနဲ့စခဲ့တဲ့
တို့နှစ်ယောက် ရဲ့သံယောဇဉ်
အပြစ်မမြင်စေချင်
နေ့စဉ်တမ်းတ နွမ်းလျမောင့်ရင်
သခင်ခေါမှ နိုးထမှာပါ...
မနိုးကြွတဲ့ မောင့်နှလုံးသား
ခင် ကြားမှ ပျော်ရွှင်ရမှာပါ...
 ခင်လာရာလမ်း မျှော်မှန်းလို့
ရမ်းရော်တမ်းတ လွမ်းညတွေနဲ့
စောင့်နေခဲ့တဲ့ မောင်
ခင်ရယ်ပြန်လာပါတော့နော်...။
ို့

Wednesday, November 2, 2011

“ဆောင်းအိမ်မက် မောင်”


“ဆောင်းအိမ်မက် မောင်”
မင်းမရှိတော့တဲ့... ဒီကမ္ဘာရဲ့..
မိုးကောင်းကင်အောက်က.. မြေပြင်လွှာအပေါ်မှာ...
ငါ.. တစ်ယောက်တည်းပါ မောင်......။
မြတ်နိုးတမ်းတရပါသော ... ဆောင်းအိပ်မက် မောင်ရေ..
ဟိုး... ရှေးရှေး.. အတိတ်တွေမှာ..
အားငယ်ရခြင်းဆိုတဲ့ .. ခံစားမှုကိုလည်း ငါ မကြုံခဲ့စဘူး...
ချောက်ချားတယ်ဆိုတဲ့... နွမ်းဖျော့ စိတ်တွေနဲ့လည်း...
ငါမနေခဲ့ရဖူးလေတော့...
"လောကဓံ" ဆိုတာကို ... ဝေါဟာရလှလှလေး တစ်ခုလို့ပဲ...
ငါယုံကြည်နေခဲ့ဖူးပါတယ်မောင်ရယ်...
မောင်ရှိနေခဲ့တဲ့ အတိတ်တုန်းကတော့...
ချစ်တဲ့မောင့်ရဲ့ ရင်ခွင်နန်းတော်မှာ...
ရွှေရောင် လွှမ်းနေခဲ့တဲ့ ဘ၀တစ်ခု...
သင်းပျံ့တဲ့ ပန်းခင်းလမ်းမှာ... ကြည်နူး ပျော်ရွှင်မှုအနန္တနဲ့ အတူ..
မောင်နှင်းအပ်ခဲ့တဲ့... အကြင်နာ ထာဝရတွေနဲ့ ...
ပြည့်စုံနေခဲ့ရတဲ့ ငါတို့ဘ၀ ...
ပြန်တမ်းတရင် ... ဒဏ္ဍာရီ ဖြစ်ချင်ဖြစ်မယ်...
ဒါပေမဲ့.. ငါ့အတွက်ကတော့ ...
သေသည့်တိုင် မြတ်နိုးနေရတော့မဲ့ ...
အလှပဆုံး ... "ဆောင်းအိပ်မက်တစ်ခုပါ မောင်”
(သံသရာခရီး မနီးနိုင်တော့ဘူး ဆိုရင်တောင်.. မှီနိုင်သမျှ.. လိုက်ခဲ့ပါရစေ...
သခင့်ခြေရာ.. မြူမှုန်စာလေး... ချန်ရစ်ပေးပါ.. ချစ်သူရယ်)
“ဆောင်းသစ္စာ”

Tuesday, November 1, 2011

“လွမ်းဆွတ်ခြင်းဖြင့် ချစ်နေခွင့်ပြုပါ”

ရင်ခုန်သံက တံခါးခေါက်
ချစ်ခြင်းတရားနဲ့ ဝင်ရောက်လာတာ
နှလုံးသားမှာ မင်းပုံရိပ်တွေနေရာအပြည့်
အချစ်ဦးမို့ တွယ်တာရစ်မူး
တစ်ဘဝစာ ရည်စူးခဲ့တဲ့အတွက်
သူသက်မှတ်ပေးခဲ့တာ ဒုတိယနေရာသာ
နာကြင်နေရခြင်းဟာ ရက်စက်ခြင်းကြောင့်လို့
အပြစ်မတွေးခဲ့ပါဘူး ချစ်သူရယ်
ငါ့အတွက်တော့ အချစ်ဆိုတာ
ပိုင်ဆိုင်လိုခြင်းထက် ချစ်နေခွင့်ပါ
သတိရမိတိုင်းမှာ မင်းမျက်နှာ
တမ်းတမိတိုင်းမှာ မင်းပုံရိပ်လွှာ
လွမ်းဆွတ်မိတိုင်းမှာ မင်းစကားသံတွေ
ငါ့စိတ်ရဲ့အနီးဆုံးမှာ နေရာယူလို့
တည်နေခဲ့တာတွေကို ခံစားကြည်နူးနေတတ်ပါပြီကွာ....။
(လမင်းငယ်)ို့  

Monday, October 31, 2011

“မောင် ချစ်သည့် ဆောင်း”


“မောင် ချစ်သည့် ဆောင်း”


မြူမှုန်ဖွေးလွ.. ချမ်းအေးမြသည်
မြောက်ပြန်လေကူး.. ညှင်းလေမြူးလွင့်.
ပန်းစုံဖူးပွင့်.. ရနံ့လွှင့်နေ.
နှင်းပွင့်ဝေစီ.. သဏ္ဍာန်ညီမှ.
ဆောင်းပီသပေ.. ချစ်ရက်ရှည်ကြောင်း..
ပြန်ပြောင်းလွမ်းရည် မောင် ချစ်သည့် ဆောင်း ... ။
နှလုံးသားဝယ် .. ချစ်ရိပ်နွယ်ကာ.
အတွယ်အတာ.. သမုဒယ.
ရင်မှာ တည်သမျှ.. ကာလ ပတ်လည်.
ရာသီရဟတ်. တစ်ပါတ်လည်ပါစေ..
မမေ့တတ်ခဲ့ပြီ.. မောင် ချစ်သည့် ဆောင်း ... ။
သည်နွေမိုးဆောင်း.. ရာသီပြောင်းလည်း.
မဟောင်းသစ္စာ.. ရင်မှာတွယ်လို့.
ပင်နွယ်သို့ချည်.. ကကြိုးညီရန်.
ရာသီပြန်ထူး.. ဟေမာန်ဦးမှာ.
တမ်းတရွယ်မည်..မောင် ချစ်သည့် ဆောင်း ... ။
မှုံရီအရိပ်.. ဆောင်းအိပ်မက်ရှည်.
အရိပ်ပမာ.. နားလည်ပါလဲ.
ရင်မှာစွဲရစ်.. ချစ်နွံနစ်ပြီ.
အိပ်ရာနိုး၍.. မိုးသောက်သည့်အခါ.
ပျောက်ဆုံးရမှာ.. နှလုံးသားထဲမှ.
ကြောက်လှပါသည်..မောင် ချစ်သည့် ဆောင်း ....။
(ဆောင်းသစ္စာ)

Wednesday, October 26, 2011

“ရာသီပြန်ဆောင်း”

“ရာသီပြန်ဆောင်း”

လရိပ်ဝေကာ…

နှင်းမှုန်တွေဖြာကျနေတဲ့….

ဆောင်းညချမ်းလေး .. တစ်ခါဆီက..

နင်.. နင်းလျှောက်ခဲ့တဲ့…

အချစ်လမ်းကလေးမှာ..

ငါ့နှလုံးသားကို .. ချခင်းပေးထားခဲ့တာ…

နင်သိမှာပါ ချစ်သူရယ်…..။

တကယ် ဆိုရင်…

နင် ပေးခဲ့တဲ့.. သမုဒယတေးက..

ငါ့နှလုံးသွေးနဲ့ ရေးမှ…

သိပ်လှခဲ့မှာတဲ့လား…

ငါ .. နားမလည်နိုင်တော့ဘူး ချစ်သူရယ်….။

နင် သရုပ် ခွဲပြခဲ့ဘူးတဲ့.. ယုတ္တိဗေဒ…

ရွက်ဝါကြွေမှ… နွေပီသမှာတဲ့လား…

မိုးစက်ချွေမှ.. ၀သန္တတဲ့လား…

နှင်းမှုန်ဝေမှ.. ဆောင်း ဖြစ်စေမှာတဲ့လား…

ဒါတွေကို…

နင်.. သိထားခဲ့ပေမဲ့...

မင်းလေးရှိမှ… ငါ့ဘ၀ရှင်သန်တာ.…

ဘယ်ကမ္ဘာမှာ.. သွားမေ့ထားခဲ့တာလဲ ချစ်သူရယ်…။

အဌာရသ စုံလင်တဲ့ .. ချစ်သူကို.

ညာတတ်သမျှ.. ယုံချင်ခဲ့တာ

ငါ.. နင့်ကို.. သိပ်ချစ်မိခဲ့လို့ပါ….

နင့် .. အပြုံးတွေမှာ..

နှစ်မြုပ်ပျော်ဝင်..

တစ်လောကလုံးကို ..

မေ့ထားချင်ခဲ့တာလဲ .. နင်သိသားပဲ ချစ်သူရယ်…။

နင်ပြောခဲ့တဲ့ ..

ယုံတမ်းစကားတွေကို…

အိပ်ယာဝင် ပုံပြင်တွေအဖြစ်...

ငါမက်မောရင်း.. သိပ်ချစ်တတ်ခဲ့တာလေ….

ရာသီပြန်ဆောင်း…

သံသရာဟောင်းက.. ပတ်ချာလည်လို့..

တစ်က ပြန် စခွင့်.. ရရင်တောင်..

အနိုင်ကိုတော့.. ငါမယူဘူး..

နှင်းမှုန်ဝေတဲ့.. ဒီဆောင်းဦးမှာ…

မင်း .. ရင်ခွင်ဟောင်းကလေးကိုသာ…

ထာဝရ ပိုင်ခွင့်.. ငါရခဲ့ရင်…

သိပ်ချစ်ရကျိုး နပ်ပါတယ်လို့.. ငါကျေနပ်ပြီ ချစ်သူရေ…….။