အမေစု

အားလုံးကိုချစ်ခင်လေးစားလျှက် ''ဤ Blog သည် မည်သည့်အဖွဲ့ အစည်းနှင့်မျှ ပက်သက်ဆက်နွယ်မှု မရှိပါ။

Monday, October 31, 2011

“မောင် ချစ်သည့် ဆောင်း”


“မောင် ချစ်သည့် ဆောင်း”


မြူမှုန်ဖွေးလွ.. ချမ်းအေးမြသည်
မြောက်ပြန်လေကူး.. ညှင်းလေမြူးလွင့်.
ပန်းစုံဖူးပွင့်.. ရနံ့လွှင့်နေ.
နှင်းပွင့်ဝေစီ.. သဏ္ဍာန်ညီမှ.
ဆောင်းပီသပေ.. ချစ်ရက်ရှည်ကြောင်း..
ပြန်ပြောင်းလွမ်းရည် မောင် ချစ်သည့် ဆောင်း ... ။
နှလုံးသားဝယ် .. ချစ်ရိပ်နွယ်ကာ.
အတွယ်အတာ.. သမုဒယ.
ရင်မှာ တည်သမျှ.. ကာလ ပတ်လည်.
ရာသီရဟတ်. တစ်ပါတ်လည်ပါစေ..
မမေ့တတ်ခဲ့ပြီ.. မောင် ချစ်သည့် ဆောင်း ... ။
သည်နွေမိုးဆောင်း.. ရာသီပြောင်းလည်း.
မဟောင်းသစ္စာ.. ရင်မှာတွယ်လို့.
ပင်နွယ်သို့ချည်.. ကကြိုးညီရန်.
ရာသီပြန်ထူး.. ဟေမာန်ဦးမှာ.
တမ်းတရွယ်မည်..မောင် ချစ်သည့် ဆောင်း ... ။
မှုံရီအရိပ်.. ဆောင်းအိပ်မက်ရှည်.
အရိပ်ပမာ.. နားလည်ပါလဲ.
ရင်မှာစွဲရစ်.. ချစ်နွံနစ်ပြီ.
အိပ်ရာနိုး၍.. မိုးသောက်သည့်အခါ.
ပျောက်ဆုံးရမှာ.. နှလုံးသားထဲမှ.
ကြောက်လှပါသည်..မောင် ချစ်သည့် ဆောင်း ....။
(ဆောင်းသစ္စာ)

Wednesday, October 26, 2011

“ရာသီပြန်ဆောင်း”

“ရာသီပြန်ဆောင်း”

လရိပ်ဝေကာ…

နှင်းမှုန်တွေဖြာကျနေတဲ့….

ဆောင်းညချမ်းလေး .. တစ်ခါဆီက..

နင်.. နင်းလျှောက်ခဲ့တဲ့…

အချစ်လမ်းကလေးမှာ..

ငါ့နှလုံးသားကို .. ချခင်းပေးထားခဲ့တာ…

နင်သိမှာပါ ချစ်သူရယ်…..။

တကယ် ဆိုရင်…

နင် ပေးခဲ့တဲ့.. သမုဒယတေးက..

ငါ့နှလုံးသွေးနဲ့ ရေးမှ…

သိပ်လှခဲ့မှာတဲ့လား…

ငါ .. နားမလည်နိုင်တော့ဘူး ချစ်သူရယ်….။

နင် သရုပ် ခွဲပြခဲ့ဘူးတဲ့.. ယုတ္တိဗေဒ…

ရွက်ဝါကြွေမှ… နွေပီသမှာတဲ့လား…

မိုးစက်ချွေမှ.. ၀သန္တတဲ့လား…

နှင်းမှုန်ဝေမှ.. ဆောင်း ဖြစ်စေမှာတဲ့လား…

ဒါတွေကို…

နင်.. သိထားခဲ့ပေမဲ့...

မင်းလေးရှိမှ… ငါ့ဘ၀ရှင်သန်တာ.…

ဘယ်ကမ္ဘာမှာ.. သွားမေ့ထားခဲ့တာလဲ ချစ်သူရယ်…။

အဌာရသ စုံလင်တဲ့ .. ချစ်သူကို.

ညာတတ်သမျှ.. ယုံချင်ခဲ့တာ

ငါ.. နင့်ကို.. သိပ်ချစ်မိခဲ့လို့ပါ….

နင့် .. အပြုံးတွေမှာ..

နှစ်မြုပ်ပျော်ဝင်..

တစ်လောကလုံးကို ..

မေ့ထားချင်ခဲ့တာလဲ .. နင်သိသားပဲ ချစ်သူရယ်…။

နင်ပြောခဲ့တဲ့ ..

ယုံတမ်းစကားတွေကို…

အိပ်ယာဝင် ပုံပြင်တွေအဖြစ်...

ငါမက်မောရင်း.. သိပ်ချစ်တတ်ခဲ့တာလေ….

ရာသီပြန်ဆောင်း…

သံသရာဟောင်းက.. ပတ်ချာလည်လို့..

တစ်က ပြန် စခွင့်.. ရရင်တောင်..

အနိုင်ကိုတော့.. ငါမယူဘူး..

နှင်းမှုန်ဝေတဲ့.. ဒီဆောင်းဦးမှာ…

မင်း .. ရင်ခွင်ဟောင်းကလေးကိုသာ…

ထာဝရ ပိုင်ခွင့်.. ငါရခဲ့ရင်…

သိပ်ချစ်ရကျိုး နပ်ပါတယ်လို့.. ငါကျေနပ်ပြီ ချစ်သူရေ…….။

Tuesday, October 25, 2011

“သူငယ်ချင်းလေး”




“သူငယ်ချင်းလေး”

သူငယ်ချင်းလေးရေ....
ထင်မှတ်မထားသော.. ကံကြမ္မာ....
ဆုံခွင့်ပေးတဲ့... ဒီဖူးစာက...
Internet ရဲ့.. ကျေးဇူးပါနော်.....။
မင်းနဲ့ ခင်မင်ခွင့် .. ရခဲ့တဲ့. အဖြစ်..
ဆယ်ကမ္ဘာတောင်.. မေ့မပစ်နိုင်ဘူး..
ငါ့ဘ၀ရဲ့ အိုအေစစ်က....
သူငယ်ချင်းလေး.. ဖြစ်ခဲ့တယ်လေ..
တိတ်ဆိတ်တဲ့ .. အထီးကျန် ည....
နှစ် လ တွေ ချီကာ... ရှင်သန်ခဲ့ရပေမဲ့....
ရင်နင့်စေတဲ့ .. ကံကြမ္မာ....
ငါပင့်သက်ဖြာ... ရင်စီးခံရင်း.....
ညတွေမှာ... ချဉ်းနင်း ၀င်ရောက်...
Online မှာ.. လျှောက်ဖြစ်ခဲ့ပါတယ် ... ။
လေလွင့်ခဲ့... တေလေငယ်....
ရေးဖြစ်ခဲ့တဲ့ .. ကဗျာအနန္တ ...
သောကဒဏ်ရာ ... ရင်မှာ ဗရပွနဲ့..
စိတ်ဖြေခဲ့ အခါခါ ... ဒဏ်ရာကတော့ ...
မသက်သာခဲ့ဘူးလေ .... ။
အခုတော့...
အမှတ်မထင်.. ဆုံခွင့်ပေး...
တစ်ရေးနိုးတဲ့..
ညအလည်မှာ...
ဆုံလာခဲ့တဲ့..
ရေစက်နဲ့...
ဖေးမခဲ့တဲ့....

မင်းရဲ့ .. လက်တစ်စုံ ...
မင်းအာရုံတွေ .. ပေးဆပ်ခဲ့တာကြောင့်...
ငါဖြေသာ... ရင်အပမ်းပြေခဲ့တယ်...
ဘ၀ရှည်မှာ... ငါနေလေသမျှ....
ထာဝရ သူငယ်ချင်း ... မင်း... ဖြစ်ပါရစေနော်.....။

Monday, October 24, 2011

“ကြေကွဲနှလုံးသား”

နှလုံးသားက အပြုံးများနဲ့
ဆီးကြိုခဲ့လည်း အရူံးများနဲ့...ငိုခဲ့ရသူ။
ရင်တစ်ဆူအပြုံး နှလုံးခုန်ခိုက်
သူစိုက်ခဲ့တဲ့ ဓားတစ်ချက်...ငါ့ ရင်ဘက်မှာ။
နှလုံးသွေးဖြာစီး ချစ်မီးမို့
ငြိမ်းဖို့ခက်လဲ မောင်.ကျေနပ်ပါ့မယ်။
လွမ်းတစ်သသ ကမ်းမဲ့ဘဝ
လှော်ရင်းတတ်ကျိုး လန့်နိုးခဲ့တဲ့
ညရဲ့အိမ်မက် အပြင်ဘက်က..ပိုထိလှတယ်။
ဒီဘဝ ဒီညကဗျာ
ရင်နာစွာနဲ့ ချရေးခဲ့လည်း
သေချာစွာပဲ ကြေကွဲခဲ့ပြီ...။






Tuesday, October 18, 2011

မုန်းထိုက်လို့


“မုန်းထိုက်လို့”


အခါတစ်ရာမက.. ငါထာဝရ…

ဆိုးခဲ့သမျှ.. အပြစ်မယူ…

ကြည်ဖြူခဲ့တဲ့.. အချစ်ဆုံး နင်…

ခင်တွယ်ချင်စရာမဲ့.. နာကျင်စရာတွေ အပြည့်နဲ့…

ရက်စက်ခဲ့ အခါခါ.. မညှာတာတတ်တဲ့ငါ…

အချစ်ဆုံး နင့်အတွက်… အဆိုးဆုံး ချစ်သူပါ…။

နင့်.. နှလုံးသားလှလှလေးက…

ပေးစေထားတဲ့.. အကြင်နာတွေနဲ့…

ဖြန့်ဝေကာထား.. မေတ္တာတရားအား…

အပိုင်စား ငါ… ရခဲ့ပါလဲ…

တန်ဘိုး မထား … စိမ်းတဲ့ စကား ဆို…

အနိုင်ယူမှုတွေ.. ပြည့်နှက်နေခဲ့…

စိတ်မနာနိုင်တဲ့.. နင့်နှလုံးသား…

ငါ.. လက်ဖျားခါပါတယ်… ချစ်သူရယ်…။

နင့်ရင်ခွင်နဲ့.. မထိုက်တန်ပေ…

နာကျင်စေသူ.. ငါလို လူအား…

နင့်.. ဘေးနားထား.. ဘယ်လိုများ ပျော်တယ်…

ငါ.. နားမလည်ရဲ .. ဆက်ချစ်နေလဲ …

နင့်..ရင်ထဲဝယ် .. စိုးရိမ် သောက…

ဗျာပါဒနှင့် .. ရင်မှာ သိမ်းဆည်း…

အပူမီးတွေ.. ရှုံးနိမ့် ရဝေ..

နင် ကျေကွဲမယ် .. ချစ်သူရေ…။

ကြီးမားလှတဲ့.. နင့်.. မေတ္တာမှန်…

ငါလို လူနဲ့.. မထိုက်တန်ကြောင်း…

ငဲ့စောင်းကာ.. နင် ပြန်မကြည့်နေနှင့်…

ထိုက်တန်လေသူ … နင်ရှာလိုက်ဦး…

အချစ်ဆုံးရေ…

စိတ်နာကာ.. မုန်းခဲ့ပါလေ…

(ငါ…) မုန်းထိုက်နေ…

အချစ်ဆုံးရေ… မုန်းခဲ့ပါတော့…….။


Friday, October 14, 2011

“မမုန်းရက်တဲ့ အချစ်”




မမုန်းရက်တဲ့ ချစ်သူရေ…
ငါတို့တွေ့စ… မေ့မရချင်..
ရင်ပင်လယ်မှာ... အလှဆုံး အပြုံး..
ဖုံးအုပ်ကာထား... နှလုံးသားကျွန်း..
ပီတိရွှန်းဝေ.. အချစ်တွေပြည့်..
သောကနွေကို… မေ့နေခဲ့ပါတယ် ချစ်သူ …။
တစ်ကယ် နှစ်ကယ်… သုံးလေးကယ်...
ငါ့ရင်ထဲမှာ… မင်း ရှိတယ်…
တစ်ချက် နှစ်ချက်… သုံးလေးချက်…
ရင်ခုန်သံတွေ… မင်းလေးအတွက်…
တစ်ရစ် နှစ်ရစ်… သုံးလေးရစ်…
ရင်မှာ တွယ်ရစ်… မင်းအချစ်…။
ဘယ်သူတွေ… ဘာပဲ ဖြစ်ဖြစ်…
မင်းအပြုံးလှစ်ရင်… ငါ ကျေနပ်တယ်…
တကယ်တော့လေ…
ငါ.. ပျော်လို့… ချစ်ခဲ့တာ မဟုတ်…
မင်းကို ချစ်ခွင့်ရလို့… ငါ ပျော်နေခဲ့တာပါ…
ချစ်ရင်း လွမ်း… လွမ်းရင်း ချစ်နဲ့…
အရမ်းကို… ချစ်နေခဲ့ရတာ…
နင့်ရဲ့… ငါပါ… ချစ်သူ …။
ချစ်တာ သိပြီး… သစ္စာ မရှိရင်…
မေတ္တာဆိုတာ… မြောင်းထဲမှာလေ…
အသည်းကွဲရုံနဲ့… မသေနိုင်ပေမဲ့…
မသေနိုင်ဘဲ… အသည်းကွဲနေတာ…
ပိုပြီး ခံစားရ … ခက်ပါတယ်…
နင့်ရင်ထဲ ရှိ မရှိ… မသေချာခဲ့တဲ့…
ငါ့… အတွက်... နင်ပေးခဲ့တာ…
အမုန်းတွေပဲလား… ချစ်သူ…။
တကယ်လို့များ…
အမုန်းရဲ့ တန်ပြန် သက်ရောက်မှုဟာ…
အချစ်ဖြစ်ခဲ့မယ်… ဆိုရင်တောင်…
အချစ်တစ်ခု ရဖို့… အတွက်နဲ့တော့…
ငါ.. မင်းကို… မမုန်းရက်နိုင်ပါဘူး…
နင့်အချစ်တွေ ရဖို့ … သေချာတယ် ဆိုရင်တောင်…
ငါ့အမုန်းတွေတော့… မပေးလိုက်နိုင်ဘူး…
ငါ့ထိုက်နဲ့ ငါ့ကံသာ … ရှိပါစေတော့… ချစ်သူရေ…။
အပြုံးဝေဖြာ… အပျော်ပါဆင့်…
ရင်နင့်ခြင်းတေး… မရှိခဲ့သေးလေတော့..
ရင်ခုန်သံကလေးတွေ… သိပ်လှနေချိန်…
အပျော်တွေမဲ့... သေစေလောက်တဲ့ ဒဏ်ရာ…
မင်းချန်ခဲ့မှာ… ငါ သိမှတော့….
ငါ့ကမ္ဘာရဲ့… အနာဂတ်နေ့သစ်…
ငါမေ့ပစ်ဖို့… မဖြစ်နိုင်ပေမဲ့…
အချစ်ပြီးရင်… အမုန်းဆိုတာလဲ…
ငါ့နှလုံးသားမှာ… မထားရှိနိုင်လို့…
ငါ့ဘ၀ ဒီတစ်သက်… အလွမ်းတွေကို တွယ်ဖက်ရင်း…
နာကျင်လွမ်းမော… သောကတောမှာ…
တစ်ဘ၀လုံး… လျှောက်ရင်းမြောသော်…
ချစ်သူ ရယ်မော… ၀မ်းမြောက်စေ…………။

Monday, October 3, 2011


"အမှတ်မထင် တွယ်တာတတ်သော အဖြူရောင် သံယောဇဉ်"


အဖြူရောင်.. သံယောဇဉ်လေးရေ.

ဒီကမ္ဘာမြေရဲ့.. တစ်နေရာမှာ..

မင်းရှိနေတယ်ဆိုတဲ့… အသိအတွေးနဲ့တင်...

ငါ တိတ်တိတ်ကလေး ... ပျော်ရွှင်နေနိုင်ခဲ့ပါတယ် ….။

စမ်းလသော်တာ.. ရွှန်းလဲ့ဖြာလက်..

အအိပ်ခက်ည…

ဆုံဆည်းရစဉ်... တွယ်ငြိခဲ့သော…

သံယောဇဉ် အဖြူရောင်.. ကမ္ဘာတည်အောင်..

ရှည်လိမ္မယ်လည်း … ငါ မမျှော်လင့်ရဲခဲ့ရိုး အမှန်ပါ….။

တစ်နေ့ တစ်ရက် … အမေ့ခက်လို့…

ဆုံရက်တွေလဲ...

ဆက်ခဲ့တယ်…

အမှတ်မထင်.. ဆုံစဉ်ခဏ ...

ထင်ကျန်ရသော… ဒီသံယောဇဉ်.....

ဖြတ်ရန်ပင်. ခက်လှချည်ရဲ့..

ဒီထိ ငြိမယ်..

မမျှော်မှန်းလဲ… ရော်ရမ်းလို့တော့ … လွမ်းတတ်ပြီ....။

တစ်ပေါက်ချင်း... စုသည့် ရေ …

ပေါင်းဆုံဖွဲ့ဆင်း…

မြစ်တစ်စင်းရဲ့ သံစဉ်… ရင်ခွင်မှာ ပွေ့.....

ပျော်ပိုက်မွေ့လျော်.. တို့နေပျော်တယ်.

အဖြူရောင်လွှမ်း….

အလွမ်းဝေသော … သံယောဇဉ်….။