အမေစု

အားလုံးကိုချစ်ခင်လေးစားလျှက် ''ဤ Blog သည် မည်သည့်အဖွဲ့ အစည်းနှင့်မျှ ပက်သက်ဆက်နွယ်မှု မရှိပါ။

Wednesday, September 21, 2011

တိမ်လွှာမို့မို့လွင် - ရတနာဦး


ကိုဝင်းဦးရဲ့သီချင်းလေးကိုကြိုက်လို့ကျနော်ရဲ့ကဗျာဆိုဒ်လေးထဲမှာတင်ပေးလိုက်တာပါ။ကဗျာချစ်တဲ့ပရိတ်သတ်ကြီးကိုလဲလေးစားပါတယ်

Saturday, September 3, 2011

ချစ်ခြင်းဖွဲ့သံစဉ်

ချစ်ခဲ့ အတိတ်
နှောင်းခဲ့ သစ္စာ
မေတ္တာရည်ဖက်
တူညီ ချစ်ခဲ့
လမ်းခွဲဖို့လား
ဖြေပေးပါကွယ် ။။။။။

ကိန်းဂဏန်းတွေဖက်
အချစ်ဈေးကွက်
တီထွင်ရက်တာ
မောင့်မေတ္တာလား
သိပါရစေကွယ်။။။။။

ပြောင်းလဲမေတ္တာ
အနှစ်မပါ
ချစ်ခဲ့တာများ
အတုရောင်တွေလား
ခုထိမေ့မှာ
အဖြေမရှာရဲဘူးကွယ်။။။။။

ယုယု ယယ
တွဲခဲ့ လက်တစ်စုံ
ရဲရဲ ဝံ့ဝံ့
လျှောက်ခဲ့ ဒီလမ်း
ခရီးဆုံး နိဂုံးဟာ
လမ်းခွဲလားကွယ်။။။။။


တိမ်းရှောင် စိမ်းရက်
ပြစ်ဖွဲ့ ငြိုးသူ
မောင့်လို လူကို
နာကြည်း ရက်စက်
မမုန်းရက်တာ
မေမှားလားကွယ် ။။။။။


ချစ်ခဲ့သည်စ
ခွဲခွါသည့်ဆုံး
ပြုံး၍နှုတ်ဆက်
မုန်းဖို့မဟုတ်ခဲ့
အပြစ်မဖွဲ့ရက်ပါ
ချစ်တတ်သူသာနားလည်စွာ။။။။။
ကောင်မလေးရေ ....
မင်းကိုလေ
မမြင်ရဘဲ ချစ်ခဲ့
အရင်ကလဲ မဖြစ်တဲ့အချစ်ပါ ...။
တကယ်နီးဖို့မလွယ်
အော် တနွယ်ပြီးတော့ တနွယ်ပါလေ ...။
တွယ်မိတဲ့အချစ်
ငင်မိတဲ့မေတ္တာ
သံယောဇဉ်ဆိုတဲ့
ကမ္ဘာထဲမှာ
ငါလေ နုန်းချင်နုန်း ပန်းချင်ပန်း
နွမ်းချင်နွမ်း ကြွေချင်ကြွေ
မင်းအတွက်ဆိုရင်လေ ...
အလွမ်းတွေနဲ့ ပျော်တတ်ခဲ့ပါပြီလေ
ခံစားချက်တွေဖြစ်တည်ခဲ့တဲ့
မျှဝေခြင်းရင်ခုန်သံဆိုတာ
ဟိုးအဝေးက ချစ်ခြင်းတွေရဲ့
ပေါင်းစည်းခြင်း အထိမ်းအမှတ်
တွယ်တာမြတ်နိုးမှုရဲ့
ချစ်ခြင်းဖွဲ့ သံစဉ်ကို
တိုးတိုးလေးနားထောင်
သဲ့သဲ့လေးကြားရလိမ့်မယ်
မင်းကိုချစ်တယ်.....
နှလုံးသားဆိုတာ
လေ့လာရေးသွားရမယ့်
နေရာမှမဟုတ်တာ
နံနက်ခင်းလေးရာ
တစ်ချပ်မှောက် ကစားပွဲတွေ
အောက်မှာလဲ အဲ့ဒီအရာက
ရှိမနေပါဘူး
တသီးတသန့်လေး
ဖြစ်တည်နေတာပါ
တခါတလေ
လေပြေလေညင်းလေးလို
တခါတရံမှာ
လေမုန်တိုင်းကြီးလို
နားမထောင်ပဲ ကြားတဲ့သီချင်းသံလို
မအိပ်ပဲမက်တဲ့ အိမ်မက်တစ်ခုလို……ပါပဲ
အလင်းနှစ်ထက်မြန်တဲ့ အစွမ်းတွေနဲ့
မင်းဆီကို အခစားဝင်နေတာပါ
မင်းနှလုံးသားကို
မင်းကိုယ်တိုင် တံခါးခေါက်ပါ
ပြီးရင်
ငါ့နှလုံးသားမှာ ဖွင့်ဟ ၀န်ခံပါ
ပြင်ဆင်ဖို့ အချိန်တစက္ကန့်လောက်တောင်
လိုအပ်လိမ့်မယ်လို့
ငါတော့
မထင်ပါဘူး……..။
မြန်မာလိုအချစ်
အင်္ဂလိပ်လို I LOVE YOU
သင်္ချာလို1500
ဓာတုလို ပေါင်းစည်းခြင်း
ရူပလို ပုံသေနည်းမရှိ
ဇီဝလို ရင်ခွဲကြည့်
ECOလို ဈေးမဆစ်နဲ့
သမိုင်းလို ရာဇ၀င်တွင်ပြီး
ပထ၀ီလို ကမ္ဘာတည်သရွေ့ချစ်နေမယ့် .....
အချစ်မျိုးပါချစ်သူ
အရှေ့ကို လျှောက်လို့
အနောက်ကိုမျှော်
ထင်တိုင်းမပေါက်
ခရီးမရောက်သေးပါဘု
စိတ်ကလေးရယ်ငယ်
သူဘယ်ဝယ်ရှိလေမလဲ
ပူဘူးကွဲ့အကြိမ်ကြိမ်တင်းပါလည်း
တင်းရင်းနှင့်ပင် ပူရိပ်ထင်သည် ချစ်သူ.....
သင်ရောမည်သို့ရှိအံ့နည်း။
မရေရာတဲ့ နေ့သစ်တွေထဲ

မင်းရှိတယ်ဆိုတဲ့အတွေးနဲ့ ကမ္ဘာမြေကြီး

ပြိုကျပျက်စီးစေဦး နှစ်ကိုယ်တူတွဲလက်

ခိုင်မြဲလျက်ဘဝခရီးဆက်မယ်

ဝေးကွာမိုင်များ ခြားနားပါစေ

ရင်ထဲသစ္စာ မင်းတစ်ယောက်သာမို့

သံသယအတွေး ရေးရေးမဝင်နဲ့

ပြုံးရွှင်ကြည်လျက် ချစ်ခရီးဆက်မယ်

ချစ်ခဲ့သူဟာ မင်းတစ်ယောက်သာ။။။။
အရုဏ်ဦးရဲ့ နွေးထွေးမှုနဲ့ အတူ
မင်္ဂလာရှိစွာ နိုးထလာရင်း
စိတ်အစဉ်မှာ သတိရ
နင့်အကြောင်းနဲ့  စခဲ့တယ်
ဘ၀အတွက် ရုန်းကန်ကြိုးစား
မအားလပ်ပေမယ့်
နင်နဲ့ ပတ်သက်
ကဗျာစပ်လည်း မပြတ်ခဲ့ပါ..
ကြည်နူးခဲ့ဖူးတဲ့ အချိန်လေးတွေက
မရည်ရွယ်ပါပဲ
ငါ့အတွေးထဲ ခုန်ပေါက်ကာပြေးလွှား
ချစ်သူရေ
ချိုသာတဲ့ မင်းအသံ သံမှိုလိုစွဲ
ကဲ………ဘယ်လိုလုပ်ရမလဲ
ငါ့ရှေ့ မှောက်အရောက်လှမ်းလာခဲ့မယ့်
မင်းကတိ
ယုံကြည်စွာ ပျော်မြူးချင်သော်လည်း
ညံ့ဖျင်းလွန်းတဲ့ ကံကြမ္မာအကျိုးပေးက
ခုထိတော့ သွေးအေးနေတုန်းပါပဲလားးးး