အမေစု

အားလုံးကိုချစ်ခင်လေးစားလျှက် ''ဤ Blog သည် မည်သည့်အဖွဲ့ အစည်းနှင့်မျှ ပက်သက်ဆက်နွယ်မှု မရှိပါ။

Saturday, August 27, 2011

သိပါ့မလား


ဒူးထောက်တောင်းပန်မယ်ဆိုတော့
မင်းလေးဒူးနာလိမ့်မယ်တဲ့နှုတ်ဆက်ထွက်ခွာသွားလို့
ငိုကြွေးရပြန်တော့
မင်းလေးမငိုပါနဲ့တဲ့
သူ့မျက်ဝန်းထဲကြည့်လိုက်တော့
သံယောဇဉ်ငွေ့တွေနဲ့ပေါ့
ပျော်ရွှင်သွားပြီး
သူ့အနားလျှောက်သွားတော့
ကျောခိုင်းပြီးဘိုင့်ဘိုင့်တဲ့
ဒီအတိုင်းလေးပဲကြည့်နေလိုက်တော့
မင်းလေး မေ့နိုင်လားတဲ့
မေးရက်လိုက်တာ မေ့ဖို့ချစ်ခဲ့ကြတာမှမဟုတ်တာ
ရင်ထဲမှာပဲပြောမိခဲ့တာပါ
မှားမိတဲ့အမှားတစ်ခု
ခွှင့်လွှတ်ဖို့လည်းမတောင်းဆိုပါဘူး
သူ့ဘက်ကိုကြည့်တော့လဲ
ရင်းခဲ့ရတဲ့ အချစ်
မာနနဲ့သိက္ခာ
အရှက်နဲ့ယုံကြည်မှု
ဘယ်ပေးဆပ်ချင်ပါ့မလဲလေ
ဒီမှာတော့လဲ
ပျက်ဆီးသွားတဲ့ နှလုံးသား
ကျရှုံးသွားတဲ့ စိတ်ဓာတ်
သုံးမကျတော့တဲ့ဘဝ
ခံနိုင်ရည်မရှိမှုတွေနဲ့
မျက်ရည်ကိုအဖော်ပြု
ငိုကြွေးမှုတွေနဲ့ပဲ
ငါလွမ်းနေရပါပြီ
အမြဲပဲညာနေတယ်လို့ထင်ထားတော့
ဘယ်ယုံပါတော့မလဲနော်
ရင်ထဲက ကိုကို
ခင်ဗျားလေးတဲ့
ရွှေရင်အစုံအပေါ်ကိုမြင့်တက်
သူခေါ်သံကြားတိုင်းရင်ခုန်ခဲ့ရတာပါ
ဖွင့်မပြောခင်
တိတ်တဆိတ်မျှော်လင့်
အချစ်ကိုပေးတော့
နှစ်သက်လက်ခံ
ချစ်နေမိတာကြာပါပြီလေ
ယုံမလားတော့မသိဘူး
ကိုကိုလို့ခေါ်တိုင်း
ရှက်ရွံမှုတွေနဲ့
ပျော်ရွှင်ပီတိရင်ထဲအထိထိုးဖောက်တယ်
နားလည်မှုရှိမှခိုင်မြဲမယ့်အချစ်
ရင်ထဲကဆန္ဒအတွက်
ညီမလေးဘက်ကပျက်ကွက်ခဲ့ရင်
မချစ်လို့မဟုတ်ပဲ
ကိုကိုအတွက်လို့ပဲတွေးပေးပါနော်
ဝေးနေကြတဲ့ချစ်ခရီးလမ်း
ယုံကြည်မှုနဲ့ တည်ဆောက်ဖို့
ဘာကြောင့်လဲဆိုတဲ့သံသယ
တို့တွေဝေးမှာဆိုးလို့
ရင်ထဲကိုအ၀င်မခံပါနဲ့နော်
စိုးရိမ်စိတ်ကြောင့်ဖြစ်လာတဲ့ဆိုပေမယ့်
မမြင်နိုင်တဲ့ အတိတ်ကံကြောင့်ဝေးမှာဆိုးတယ်
မချစ်တော့ရင်တောင်
မုန်းမသွားပါနဲ့
အပြစ်မြင်ရင်တောင်
ခွှင့်လွှတ်ပေးပါ
မယုံကြည်ရင်တောင်
ပျက်ရယ်မပြုပါနဲ့
ကလေးဆိုပေမယ့်
အရာရာချင့်ချိန်
နှလုံးသားကိုနှစ်
အားလုံးကိုပစ်ပြီး
ရင်ထဲအသည်းထဲ
စွဲနစ်နေအောင်ချစ်ခဲ့တာပါ ကိုကို ရယ်
ကိုကိုယုံပေးနော်...။
နုနုမှတင်ပို့ပေးပါသည်....။

Monday, August 22, 2011

မေမေ့တွက်ကန်တော့ပန်း

သံသရာမြေတစ်ခွင်မှာ
ကံဆရာရယ်ဖန်လာမှုကြောင့်
နွေးထွေးတဲမေ့မေ့ရင်ခွင်
ခိုလုံကာခနား
ပျော်ရွှင်စရာကမ္ဘာလေးတစ်ခု
ပေးစွမ်းကာ တည်ဆောက်ပေးခဲ့တဲ့မေမေ...........
များမကြာ ကြားကာလမှာ
အေးမျှမှုခါခါ
ဖူလုံမှုအထပ်ထပ်
သား အတွက်ပေးဆပ်ခဲ့တဲ့မေမေ......
အမှားကိုဝန်ခံ အမှန်ကိုဖေါ်ထုတ်
အဟုတ်ကိုမြတ်နိုး
သားအတွက်ဆို
ဘာမဆိုရိုကျိုးလို့
ထာရ၀စဉ်ပေးဆပ်ခဲ့တဲ့မေမေ....
စေတနာဗလဝ
မေတ္တာအနန္တနှင့်
အောင်မြင်မှုလီလီ
အောင်ပန်းချီဖို့
သား အနာဂတ်လမ်း
ဖြောင့်တန်းပေးကာ
အကြင်နာပန်းလမ်း
လမ်းတံတာခင်းပေးခဲ့တဲ့မေမေ...
အပြုံမျှက်နှာ
အကြင်နာမျက်လုံး
ရိုးရှင်းတို့တဲ့ပရိယာယ်
ရှောင်ကြဉ်ကာပယ်ထုတ်
ထာဝရကြိုဆိုနေတတ်တဲ့မေမေ...
မေမေနှင့်သား
ရင်ခွင်ကြားမှာ........
အမှားကမ္ဘာစည်းမကာဖို့
အတ္တငုတ်လျှို
မာနကိုခ၀ါချ
ဝန်ချကာတောင်းပန်
သား အတွက်ကြေနပ်စေခဲ့တဲ့မေမေ........
တကယ်တော့မေမေရယ်..
မေ့မေမျှက်ရည်တစ်စက်

မြေသို့ကြွေကာသက်ခဲ့ရင်
မေ့မေအပြစ်မဟုတ်
သားအပြစ်ပါလို့
သားဝန်ခံကတိ
သစ္စာပြုပါတယ်မေမေ......
တွေ့ဆုံခြင်းနေမကွယ်ခင်မှာ

ရင်မှာပွင့်လန်း
မေတ္တာပန်းဖြင့်
စာပေတစ်ခု
စာတန်းပြုလျှက်
မေ့မေ အတွက်ကန်တော့ပန်းတစ်ပွင့်
ပန်ဆင်မြန်းလိုက်ပါတယ်မေမေ..........
အပြစ်ရှိရင်
ကမ္ဘာဆုံးထိကြေပါစေသားမေမေ.......


Sunday, August 14, 2011

ပေးဆပ်သူနှလုံးသား

ချစ်ဦးမို့
ရူးမတတ်ပါ
သက်ထက်နှင်းအပ်
နှင်းအပ်ဆက်ဆက်
ဆယ်သက်ကမ္ဘာ
ဆယ်ကမ္ဘာတိုင်လဲ
မယိုင်လဲမေတ္တာ
သစ္စာ စကား
ရင်မှာထားလို့
ပေးဆပ်ဖို့လဲ..ဝံ့ရဲခဲ့တယ်။