အမေစု

အားလုံးကိုချစ်ခင်လေးစားလျှက် ''ဤ Blog သည် မည်သည့်အဖွဲ့ အစည်းနှင့်မျှ ပက်သက်ဆက်နွယ်မှု မရှိပါ။

Wednesday, March 23, 2011

ရင်တွင်းမေ...

ပြုံးပန်းတစ်ရာ၊လမင်းတစ်စင်း
ရင်တွင်းဝင်ရောက်၊သူ့ရှေ့လျှောက်ခဲ့
 တွေ့ဆုံမယ့်ရက်၊ရေးမှတ်ခဲ့လဲ
မင်းနဲ့ကိုနဲ့၊နီးလျှက်ပဲဝေး
ဆွေးနေတဲ့ကို၊လွမ်းတေးဆိုရင်း
ရင်တွင်းနွမ်းလျှ၊လွမ်းညများနဲ့
လွန်မြောက်နိုင်ပါစေ...။
စိုးမိုး.
ဲ့

အပြန်လမ်း...(ကျော်ဝင်းဋ္ဌေး ရေးဖွဲ့သောကဗျာ)

ဆေးလိပ်လဲတို၊နေလည်းညိုပြီ
ငါ့ကိုအိမ်ပြန် ပို့ကြလေ...။

ဥယျာဉ်မှူး

အလွမ်းပြေနိး၊ ပန်းကိုပျိုးသော်
ကိုပျိုးတဲ့ပန်း၊ ပိုးကိုက်နွမ်းလို့
အလွမ်းမပြေ၊ ပိုနွမ်းကြေသည်
မြေမှာခပြီ လွမ်းမျက်ရည်...။

Sunday, March 13, 2011

ချစ်သူသို့

အလွမ်းရစ်နှောင် 
ချစ်ရအောင်လို့
မောင်ကအကမ်း
မေအလှမ်းမှာ
အလွမ်းဟူသည် ဒဏ္ဍာရီ...။

လွမ်းညဟေမာန်

ချစ်သူနုတ်ခမ်း
လွမ်းလို့မှန်းဆ
တမ်းတမပြေ
အလွမ်းညတွေ
တွေးလေဝေးနေ
ဆွေးနေမြဲမို့
ရင်ထဲမမေ့
တစ်နေ့တွေ့နိုး
မျှော်ကိုးရင်းနဲ့
လွမ်းညများထဲ
လျှောက်လှမ်းခဲ့တယ်...။