အမေစု

အားလုံးကိုချစ်ခင်လေးစားလျှက် ''ဤ Blog သည် မည်သည့်အဖွဲ့ အစည်းနှင့်မျှ ပက်သက်ဆက်နွယ်မှု မရှိပါ။

Monday, October 31, 2011

“မောင် ချစ်သည့် ဆောင်း”


“မောင် ချစ်သည့် ဆောင်း”


မြူမှုန်ဖွေးလွ.. ချမ်းအေးမြသည်
မြောက်ပြန်လေကူး.. ညှင်းလေမြူးလွင့်.
ပန်းစုံဖူးပွင့်.. ရနံ့လွှင့်နေ.
နှင်းပွင့်ဝေစီ.. သဏ္ဍာန်ညီမှ.
ဆောင်းပီသပေ.. ချစ်ရက်ရှည်ကြောင်း..
ပြန်ပြောင်းလွမ်းရည် မောင် ချစ်သည့် ဆောင်း ... ။
နှလုံးသားဝယ် .. ချစ်ရိပ်နွယ်ကာ.
အတွယ်အတာ.. သမုဒယ.
ရင်မှာ တည်သမျှ.. ကာလ ပတ်လည်.
ရာသီရဟတ်. တစ်ပါတ်လည်ပါစေ..
မမေ့တတ်ခဲ့ပြီ.. မောင် ချစ်သည့် ဆောင်း ... ။
သည်နွေမိုးဆောင်း.. ရာသီပြောင်းလည်း.
မဟောင်းသစ္စာ.. ရင်မှာတွယ်လို့.
ပင်နွယ်သို့ချည်.. ကကြိုးညီရန်.
ရာသီပြန်ထူး.. ဟေမာန်ဦးမှာ.
တမ်းတရွယ်မည်..မောင် ချစ်သည့် ဆောင်း ... ။
မှုံရီအရိပ်.. ဆောင်းအိပ်မက်ရှည်.
အရိပ်ပမာ.. နားလည်ပါလဲ.
ရင်မှာစွဲရစ်.. ချစ်နွံနစ်ပြီ.
အိပ်ရာနိုး၍.. မိုးသောက်သည့်အခါ.
ပျောက်ဆုံးရမှာ.. နှလုံးသားထဲမှ.
ကြောက်လှပါသည်..မောင် ချစ်သည့် ဆောင်း ....။
(ဆောင်းသစ္စာ)

No comments:

Post a Comment