အမေစု

အားလုံးကိုချစ်ခင်လေးစားလျှက် ''ဤ Blog သည် မည်သည့်အဖွဲ့ အစည်းနှင့်မျှ ပက်သက်ဆက်နွယ်မှု မရှိပါ။

Tuesday, November 1, 2011

“လွမ်းဆွတ်ခြင်းဖြင့် ချစ်နေခွင့်ပြုပါ”

ရင်ခုန်သံက တံခါးခေါက်
ချစ်ခြင်းတရားနဲ့ ဝင်ရောက်လာတာ
နှလုံးသားမှာ မင်းပုံရိပ်တွေနေရာအပြည့်
အချစ်ဦးမို့ တွယ်တာရစ်မူး
တစ်ဘဝစာ ရည်စူးခဲ့တဲ့အတွက်
သူသက်မှတ်ပေးခဲ့တာ ဒုတိယနေရာသာ
နာကြင်နေရခြင်းဟာ ရက်စက်ခြင်းကြောင့်လို့
အပြစ်မတွေးခဲ့ပါဘူး ချစ်သူရယ်
ငါ့အတွက်တော့ အချစ်ဆိုတာ
ပိုင်ဆိုင်လိုခြင်းထက် ချစ်နေခွင့်ပါ
သတိရမိတိုင်းမှာ မင်းမျက်နှာ
တမ်းတမိတိုင်းမှာ မင်းပုံရိပ်လွှာ
လွမ်းဆွတ်မိတိုင်းမှာ မင်းစကားသံတွေ
ငါ့စိတ်ရဲ့အနီးဆုံးမှာ နေရာယူလို့
တည်နေခဲ့တာတွေကို ခံစားကြည်နူးနေတတ်ပါပြီကွာ....။
(လမင်းငယ်)ို့  

No comments:

Post a Comment