အမေစု

အားလုံးကိုချစ်ခင်လေးစားလျှက် ''ဤ Blog သည် မည်သည့်အဖွဲ့ အစည်းနှင့်မျှ ပက်သက်ဆက်နွယ်မှု မရှိပါ။

Friday, November 4, 2011

"မောင်သိပ်ချစ်ရတဲ့ "ခင်""

တွေ့ဆုံခဲ့တဲ့ အချိန်လေး
မမေ့သေးဘူးဆိုရင်
မောင့် ရင်ခွင့်နန်းတော်
မျှော်ကာနေပါ့မယ်...။
မောင် သိပ်ချစ်တဲ့ ခင်
နေ့စဉ်တမ်းတ လွမ်းညများလဲ
ကုန်ခဲလှပါဘိ...
မောင့်ဘဝ မောင့်ညကမ္ဘာ
ခင် လာမဲ့လမ်းကို 
စောင့်ကြိုလို့ အငိုမျက်ရည်
ပင်လယ်ဝေခဲ့ပေါ့...။
မောင်လုပ်ခဲ့တဲ့ အပြစ်
ခင်မနှစ်မြိုံ့ရင် 
ဖြစ်စဉ်တစ်ရပ် မောင်မှတ်ထားပါ့မယ်...။
ခင်မင်မှုနဲ့စခဲ့တဲ့
တို့နှစ်ယောက် ရဲ့သံယောဇဉ်
အပြစ်မမြင်စေချင်
နေ့စဉ်တမ်းတ နွမ်းလျမောင့်ရင်
သခင်ခေါမှ နိုးထမှာပါ...
မနိုးကြွတဲ့ မောင့်နှလုံးသား
ခင် ကြားမှ ပျော်ရွှင်ရမှာပါ...
 ခင်လာရာလမ်း မျှော်မှန်းလို့
ရမ်းရော်တမ်းတ လွမ်းညတွေနဲ့
စောင့်နေခဲ့တဲ့ မောင်
ခင်ရယ်ပြန်လာပါတော့နော်...။
ို့

1 comment:

halamcacace said...

Sia Titanium - The Home of Gaming
At this year's inaugural International Gaming Expo, we thunder titanium lights are proud to introduce to infiniti pro rainbow titanium flat iron you gold titanium alloy our products titanium tv apk and software. We are the team behind titanium (iv) oxide the SIA Titanium

Post a Comment