အမေစု

အားလုံးကိုချစ်ခင်လေးစားလျှက် ''ဤ Blog သည် မည်သည့်အဖွဲ့ အစည်းနှင့်မျှ ပက်သက်ဆက်နွယ်မှု မရှိပါ။ ”

Sunday, July 31, 2011

ဆုံနိုင်ခွင့်

ဝေးနေတော့လွမ်း
လမင်းချစ်သူ
တွေးနေတော့နွမ်း
အနမ်း ဘယ်မှာရှိမည်နည်း
မျှော်လင့်ရင်းရူး
အတွေးထူး နှင့်
စိတ်ကူးနုသစ်
ဖူးသစ်ပန်းနှယ်
ကမ်းသည့်လက်အစုံ
တွေးကြည့်ယုံနှင့်
ရွှင်ပြကြည်လင် စိတ်အစဉ်
သူနဲ့အတူ ရှိစဉ်နေ့ရက်
ပြန်တွေးမခက် မမေ့ရက်လို့
စွဲမြဲမှတ်သား နှလုံးသားဝယ်
တူကြည်နူးသမျှ နေ့ရက်များကို
လက်ချိုးရေတွ​က်.ပြန်ဆုံမယ့်ရက်..မျှော်လင့်လျှက်ပါ....။