အမေစု

အားလုံးကိုချစ်ခင်လေးစားလျှက် ''ဤ Blog သည် မည်သည့်အဖွဲ့ အစည်းနှင့်မျှ ပက်သက်ဆက်နွယ်မှု မရှိပါ။

Wednesday, March 7, 2012

“ညသခင်သို့ တမ်းချင်း”

“ညသခင်သို့ တမ်းချင်း”


အလင်း နဲ့ အမှောင် ..
အရောင်တွေရဲ့… အရိပ်..
စိတ်နဲ့ ချိတ်ဆက်… လည်ပတ်သော…
အတိတ်ရဲ့.. လွင့်ပါးမှုထဲမှာ…
အကြင်နာတွေ… မစဲအောင် ရယ်ဖူးတယ်….။

ဒီလိုနဲ့ …. ငါဟာ …
အခါခါ… သတိလွတ်…
တဂွတ်ဂွတ် သောက်မိတဲ့… ဆာလောင်မှုမျိုးနဲ့…
ညအချိန်… လ ထိန်ထိန်မှာတောင်..
အိမ်မက်ခေါ်တေးနဲ့ …
မျှော်ငေး စိတ်ကူးရင်း …
အထီးကျန်မှုတွေကို… တူးဆွနေမိတတ်တယ်....။

စိတ်ကြမ်းဘီလူးတို့…
ခြေပင်မကျူးသော… အရပ်တွင်…
နှင်းဆီဖူးတို့… ဦးညွှတ်ရာ…
လ ပလ္လင်ပေါ်က…
ညသခင်… သတို့ သ္မီးလေးဟာ…
ရောင်စုံတိမ်တွေနဲ့… လိမ်ကျစ်ထားသော…
လေလှိုင်း ပိရမစ်ကို…
စိတ်နှစ်ကိုယ်နှစ်… ဖြစ်စေခဲ့တယ်…..။

လက်နက်သံ… ခက်ထန်နီရဲသော တိုက်ပွဲကို...
မှင်သက် ရပ်တန့်သွားအောင်… စွမ်းဆောင်နိုင်သောသူ…
ကိုယ့် အာဟာရရဲ့…

ထာဝရ ဗီတာမင်….
အစိမ်းရောင်… တောက်ပတွန်ကျူးတဲ့…

အောက်ဆီဂျင်…
ငါ့ သက်စောင့်ဓါတ်အတွက်… အမြဲ လိုအပ်နေမှာပဲလေ…
ဒါကြောင့်…
တစ်နေ့ကျရင်… မင်းလေးဆီကို…
ခိုပြာငှက်ရဲ့… အစွမ်းနဲ့….
အလင်းတန်းလို… ဦးတည် ပျံသန်းလာခဲ့မယ်…..။


အမြုတေ… နှလုံးသားအတွင်းက…

အရိုင်းဆန်တဲ့… ချစ်ခြင်းတွေအတွက်….

နွေးထွေး လင်းလက်တဲ့…

နေခြည်လို… မင်း ရင်ခွင်ကို…

ဟင်းလင်းဖွင့်လို့…. စောင့်လင့်ပါလေ …

ဇာမဏီငှက်တို့ရဲ့… အချစ်မျိုးနဲ့…

မင်း နဲ့ ငါ ……

ကမ္ဘာကျေတောင်… မပျက်စတမ်း…..

ပင်လယ်ပြာလို… အနက်ရှိုင်းဆုံး ချစ်ကြမယ်…….။

“ထာဝရ ဆောင်းသစ္စာ”

“ပဥာတ်ချက်”

“ပဥာတ်ချက်”

ဖြူစင်ဝင်းလက်.. ပန္နက်ခဲ့ဖူးတဲ့...

သစ္စာ...

ထားခဲ့ဖူးတာ.. သေချာရုံနဲ့....

အရာအားလုံး... ပြီးပြည့်စုံပါတယ်.....

နီးခြင်း ဝေးခြင်း.. ပဥာတ်များ..

ရင်ထဲ.. မခံစားတော့တာ..

ကြာခဲ့ပြီလေ...

မိုင်ထောင်ချီတဲ့ အဝေး...

အလင်းနှစ်နဲ့ပဲ တွက်တွက်....

အသံလှိုင်းနဲ့ပဲ... နှိုင်းနှိုင်း...

စိတ်အလျဉ်ရဲ့...

သွားနှုန်း ခရီး...

တားဆီးနိုင်မဲ့.. အရာ...

ငါ မြင်သာရင်... ထားခဲ့ပါ....

မင်း မေ့သွားမှာ.. ငါယုံပေးနိုင်တယ်...

သံယောဇဉ်ယူနစ်...

မင်း အပေါ် ဖြစ်ခဲ့တယ် ဆိုတာ...

ဘယ်အရာရဲ့ .. ဖျားယောင်းမှုမှ.. မပါခဲ့သလို....

ဝေးကွာခြင်း တရား.. မင်းထားခဲ့လဲ...

ငါ .. ခံစားပေးမှ...

လွမ်းဆွေးမှု ရသ မည်မယ်လေ...

မင်းလေး နားလည်တတ်ခဲ့မယ် ဆိုရင်...

ငါလိုနေတာ.. အချစ် မဟုတ်ဘူး..

ငါလိုအပ်တာ.. နီးစပ်ခြင်း မဟုတ်ဘူး..

နီးခြင်း ဝေးခြင်း.. ပဥာတ်များ..

ငါ မခံစားခဲ့တာ.. ကြာလှပြီ...

ရယူခြင်း. ပေးဆပ်ခြင်း....

အစွန်းလွတ်သော.. ငြိတွယ်ခြင်း တစ်စ....

ငါလိုအပ်တာက. မင်း ပျော်ရွှင်မှု....

ငါ့မျက်ရည် ... ပင်လယ်ဝေေ၀...

ငါ့... အသည်းတွေ.. တစ်စစီ ကြွေကြွေ....

နင်ကျေနပ်ရင်. ပြီးပါတယ်...

အရာအားလုံး.. တစ်က ပြန်မစချင်သလို..

ဘယ်အရာကိုမှ.. ပြည်ဖုံးကား ချဖို့ မလိုဘူး....

အလျားအနံ မရှိသလို..

အသွားအပြန်လဲ. မလိုတဲ့. သံယောဇဉ်..

ငါ့ရင်မှာ.. ဖြစ်တည်ခဲ့တာ...

မင်း ရှိနေမှ.. ဖြစ်တာ မဟုတ်ဘူး..

တစ်ယောက်ထဲ ချစ်လဲ... အချစ်ပဲ .. မည်ပါတယ်........။

“ထာဝရ ဆောင်းသစ္စာ”

“ပဉ္စလက် နှင်းစက်”

“ပဉ္စလက် နှင်းစက်”


သတိရလိုက်တာ နှင်းစက်ရယ်…

မင်း ရှိနေခဲ့တဲ့.. ဆောင်းမနက်တုန်းက..

ဝန်းကျင်တစ်ခွင်… လှပနေလိုက်တာ…

နတ်ဘုံ နတ်နန်းတောင်…

အရောင်ဖျော့… မှေးမှိန်ခဲ့ရပြီ …..။

လွမ်းတယ် နှင်းစက်…

ဝေးလွင့်ခဲ့တဲ့… ဒီနွေမနက်ခင်း….

မင်းလဲ မရှိ… နှင်းလဲ မရှိ….

ငါ့ရင်ထဲလဲ… နှလုံးသား မရှိ….

နင် ရှောင်ပုန်းတဲ့… အချိန်မှာ…

အရာရာဟာ… အဓိပ္ပါယ် မဲ့ခဲ့ရပြီ…..။

ဘယ်လို လုပ်မလဲ… နှင်းစက်ရယ်…

ဥပေက္ခာထားတဲ့… ငါ မတရားတာလား…

မာယာများတဲ့… နင့်အမှားလား…

မစဉ်းစားတတ်အောင် .. ဖြစ်နေပေမဲ့…

မျက်ရည်ကင်းတဲ့ .. ငိုခြင်းတွေကြား…

ငါ့နှလုံးသားက.. တစ်စစီ… ပဲ့ကြွေခဲ့ရပြီ…..။

ဘယ်လိုပဲ ဖြစ်ဖြစ်… နှင်းစက်ရေ…

အပျော်တွေ ပျောက်ဆုံးသွားခဲ့ပေမဲ့..

အမုန်းဆိုတာ. ရောက်မလာခဲ့ပါဘူး…

နှလုံးသားမှာ ခိုဝင်… တွယ်ငင်ခဲ့ဖူးတဲ့…

သံယောဇဉ် နဲ့.. အမှတ်တရ…ရင်ခွင်…

ပြန်မြင်ယောင်ရင်း.. လွမ်းနေခဲ့တာ…

နင် ကျေနပ်စွာ… ၀မ်းမြောက်နိုင်ပါစေရယ် ….။


မမေ့ဘူး.. နှင်းစက်…

ကံကြမ္မာ ဆိုတာ.. အလှည့်အပြောင်းနဲ့…

ကံကောင်းလာတဲ့.. တစ်နေ့…

ငါတို့… ပြန်တွေ့ကြမှာပါ…

ငါ လိုချင်တာ... ဖြူစင်ခြင်းနဲ့…

ဝင်းပနေမဲ့.. နင့်နှလုံးသား…

အရောင်တွေနဲ့.. ခြားနားသွားတဲ့ အခါ…

ငါ သိပ်လွမ်းနေတယ်ဆိုတာ… နင် မြင်သွားတဲ့တစ်နေ့…

ရင်ဖွင့်ကြိုမဲ့.. ဆောင်း မနက်ခင်း…

အေးမြ နှင်းစက်.. ဝေလိမ္မယ်…….။

“ထာဝရ ဆောင်းသစ္စာ”