အမေစု

အားလုံးကိုချစ်ခင်လေးစားလျှက် ''ဤ Blog သည် မည်သည့်အဖွဲ့ အစည်းနှင့်မျှ ပက်သက်ဆက်နွယ်မှု မရှိပါ။

Wednesday, November 2, 2011

“ဆောင်းအိမ်မက် မောင်”


“ဆောင်းအိမ်မက် မောင်”
မင်းမရှိတော့တဲ့... ဒီကမ္ဘာရဲ့..
မိုးကောင်းကင်အောက်က.. မြေပြင်လွှာအပေါ်မှာ...
ငါ.. တစ်ယောက်တည်းပါ မောင်......။
မြတ်နိုးတမ်းတရပါသော ... ဆောင်းအိပ်မက် မောင်ရေ..
ဟိုး... ရှေးရှေး.. အတိတ်တွေမှာ..
အားငယ်ရခြင်းဆိုတဲ့ .. ခံစားမှုကိုလည်း ငါ မကြုံခဲ့စဘူး...
ချောက်ချားတယ်ဆိုတဲ့... နွမ်းဖျော့ စိတ်တွေနဲ့လည်း...
ငါမနေခဲ့ရဖူးလေတော့...
"လောကဓံ" ဆိုတာကို ... ဝေါဟာရလှလှလေး တစ်ခုလို့ပဲ...
ငါယုံကြည်နေခဲ့ဖူးပါတယ်မောင်ရယ်...
မောင်ရှိနေခဲ့တဲ့ အတိတ်တုန်းကတော့...
ချစ်တဲ့မောင့်ရဲ့ ရင်ခွင်နန်းတော်မှာ...
ရွှေရောင် လွှမ်းနေခဲ့တဲ့ ဘ၀တစ်ခု...
သင်းပျံ့တဲ့ ပန်းခင်းလမ်းမှာ... ကြည်နူး ပျော်ရွှင်မှုအနန္တနဲ့ အတူ..
မောင်နှင်းအပ်ခဲ့တဲ့... အကြင်နာ ထာဝရတွေနဲ့ ...
ပြည့်စုံနေခဲ့ရတဲ့ ငါတို့ဘ၀ ...
ပြန်တမ်းတရင် ... ဒဏ္ဍာရီ ဖြစ်ချင်ဖြစ်မယ်...
ဒါပေမဲ့.. ငါ့အတွက်ကတော့ ...
သေသည့်တိုင် မြတ်နိုးနေရတော့မဲ့ ...
အလှပဆုံး ... "ဆောင်းအိပ်မက်တစ်ခုပါ မောင်”
(သံသရာခရီး မနီးနိုင်တော့ဘူး ဆိုရင်တောင်.. မှီနိုင်သမျှ.. လိုက်ခဲ့ပါရစေ...
သခင့်ခြေရာ.. မြူမှုန်စာလေး... ချန်ရစ်ပေးပါ.. ချစ်သူရယ်)
“ဆောင်းသစ္စာ”

No comments:

Post a Comment