အမေစု

အားလုံးကိုချစ်ခင်လေးစားလျှက် ''ဤ Blog သည် မည်သည့်အဖွဲ့ အစည်းနှင့်မျှ ပက်သက်ဆက်နွယ်မှု မရှိပါ။

Tuesday, October 18, 2011

မုန်းထိုက်လို့


“မုန်းထိုက်လို့”


အခါတစ်ရာမက.. ငါထာဝရ…

ဆိုးခဲ့သမျှ.. အပြစ်မယူ…

ကြည်ဖြူခဲ့တဲ့.. အချစ်ဆုံး နင်…

ခင်တွယ်ချင်စရာမဲ့.. နာကျင်စရာတွေ အပြည့်နဲ့…

ရက်စက်ခဲ့ အခါခါ.. မညှာတာတတ်တဲ့ငါ…

အချစ်ဆုံး နင့်အတွက်… အဆိုးဆုံး ချစ်သူပါ…။

နင့်.. နှလုံးသားလှလှလေးက…

ပေးစေထားတဲ့.. အကြင်နာတွေနဲ့…

ဖြန့်ဝေကာထား.. မေတ္တာတရားအား…

အပိုင်စား ငါ… ရခဲ့ပါလဲ…

တန်ဘိုး မထား … စိမ်းတဲ့ စကား ဆို…

အနိုင်ယူမှုတွေ.. ပြည့်နှက်နေခဲ့…

စိတ်မနာနိုင်တဲ့.. နင့်နှလုံးသား…

ငါ.. လက်ဖျားခါပါတယ်… ချစ်သူရယ်…။

နင့်ရင်ခွင်နဲ့.. မထိုက်တန်ပေ…

နာကျင်စေသူ.. ငါလို လူအား…

နင့်.. ဘေးနားထား.. ဘယ်လိုများ ပျော်တယ်…

ငါ.. နားမလည်ရဲ .. ဆက်ချစ်နေလဲ …

နင့်..ရင်ထဲဝယ် .. စိုးရိမ် သောက…

ဗျာပါဒနှင့် .. ရင်မှာ သိမ်းဆည်း…

အပူမီးတွေ.. ရှုံးနိမ့် ရဝေ..

နင် ကျေကွဲမယ် .. ချစ်သူရေ…။

ကြီးမားလှတဲ့.. နင့်.. မေတ္တာမှန်…

ငါလို လူနဲ့.. မထိုက်တန်ကြောင်း…

ငဲ့စောင်းကာ.. နင် ပြန်မကြည့်နေနှင့်…

ထိုက်တန်လေသူ … နင်ရှာလိုက်ဦး…

အချစ်ဆုံးရေ…

စိတ်နာကာ.. မုန်းခဲ့ပါလေ…

(ငါ…) မုန်းထိုက်နေ…

အချစ်ဆုံးရေ… မုန်းခဲ့ပါတော့…….။


No comments:

Post a Comment