အမေစု

အားလုံးကိုချစ်ခင်လေးစားလျှက် ''ဤ Blog သည် မည်သည့်အဖွဲ့ အစည်းနှင့်မျှ ပက်သက်ဆက်နွယ်မှု မရှိပါ။

Monday, October 3, 2011


"အမှတ်မထင် တွယ်တာတတ်သော အဖြူရောင် သံယောဇဉ်"


အဖြူရောင်.. သံယောဇဉ်လေးရေ.

ဒီကမ္ဘာမြေရဲ့.. တစ်နေရာမှာ..

မင်းရှိနေတယ်ဆိုတဲ့… အသိအတွေးနဲ့တင်...

ငါ တိတ်တိတ်ကလေး ... ပျော်ရွှင်နေနိုင်ခဲ့ပါတယ် ….။

စမ်းလသော်တာ.. ရွှန်းလဲ့ဖြာလက်..

အအိပ်ခက်ည…

ဆုံဆည်းရစဉ်... တွယ်ငြိခဲ့သော…

သံယောဇဉ် အဖြူရောင်.. ကမ္ဘာတည်အောင်..

ရှည်လိမ္မယ်လည်း … ငါ မမျှော်လင့်ရဲခဲ့ရိုး အမှန်ပါ….။

တစ်နေ့ တစ်ရက် … အမေ့ခက်လို့…

ဆုံရက်တွေလဲ...

ဆက်ခဲ့တယ်…

အမှတ်မထင်.. ဆုံစဉ်ခဏ ...

ထင်ကျန်ရသော… ဒီသံယောဇဉ်.....

ဖြတ်ရန်ပင်. ခက်လှချည်ရဲ့..

ဒီထိ ငြိမယ်..

မမျှော်မှန်းလဲ… ရော်ရမ်းလို့တော့ … လွမ်းတတ်ပြီ....။

တစ်ပေါက်ချင်း... စုသည့် ရေ …

ပေါင်းဆုံဖွဲ့ဆင်း…

မြစ်တစ်စင်းရဲ့ သံစဉ်… ရင်ခွင်မှာ ပွေ့.....

ပျော်ပိုက်မွေ့လျော်.. တို့နေပျော်တယ်.

အဖြူရောင်လွှမ်း….

အလွမ်းဝေသော … သံယောဇဉ်….။

1 comment:

soelay said...

တကယ့်အဗျာဆရာမလေးလားအောင့်မေ့ရတယ် အရမ်းကောင်းပါတယ် မမျိုးမင်းလေးပေါ့နော်..ကျေးဇူးပါ နောင်လဲ ရင်တွင်းဖြစ်လေးတွေ တင်ပေးဖို့မျှော်လင့်ပါတယ်နော်...ဆောင်းသစ္စာကျေးကျေးပါ....။

Post a Comment