အမေစု

အားလုံးကိုချစ်ခင်လေးစားလျှက် ''ဤ Blog သည် မည်သည့်အဖွဲ့ အစည်းနှင့်မျှ ပက်သက်ဆက်နွယ်မှု မရှိပါ။

Monday, October 24, 2011

“ကြေကွဲနှလုံးသား”

နှလုံးသားက အပြုံးများနဲ့
ဆီးကြိုခဲ့လည်း အရူံးများနဲ့...ငိုခဲ့ရသူ။
ရင်တစ်ဆူအပြုံး နှလုံးခုန်ခိုက်
သူစိုက်ခဲ့တဲ့ ဓားတစ်ချက်...ငါ့ ရင်ဘက်မှာ။
နှလုံးသွေးဖြာစီး ချစ်မီးမို့
ငြိမ်းဖို့ခက်လဲ မောင်.ကျေနပ်ပါ့မယ်။
လွမ်းတစ်သသ ကမ်းမဲ့ဘဝ
လှော်ရင်းတတ်ကျိုး လန့်နိုးခဲ့တဲ့
ညရဲ့အိမ်မက် အပြင်ဘက်က..ပိုထိလှတယ်။
ဒီဘဝ ဒီညကဗျာ
ရင်နာစွာနဲ့ ချရေးခဲ့လည်း
သေချာစွာပဲ ကြေကွဲခဲ့ပြီ...။






No comments:

Post a Comment