အလင်း နဲ့ အမှောင် ..
အရောင်တွေရဲ့… အရိပ်..
စိတ်နဲ့ ချိတ်ဆက်… လည်ပတ်သော…
အတိတ်ရဲ့.. လွင့်ပါးမှုထဲမှာ…
အကြင်နာတွေ… မစဲအောင် ရယ်ဖူးတယ်….။
ဒီလိုနဲ့ …. ငါဟာ …
အခါခါ… သတိလွတ်…
တဂွတ်ဂွတ် သောက်မိတဲ့… ဆာလောင်မှုမျိုးနဲ့…
ညအချိန်… လ ထိန်ထိန်မှာတောင်..
အိမ်မက်ခေါ်တေးနဲ့ …
မျှော်ငေး စိတ်ကူးရင်း …
အထီးကျန်မှုတွေကို… တူးဆွနေမိတတ်တယ်....။
စိတ်ကြမ်းဘီလူးတို့…
ခြေပင်မကျူးသော… အရပ်တွင်…
နှင်းဆီဖူးတို့… ဦးညွှတ်ရာ…
လ ပလ္လင်ပေါ်က…
ညသခင်… သတို့ သ္မီးလေးဟာ…
ရောင်စုံတိမ်တွေနဲ့… လိမ်ကျစ်ထားသော…
လေလှိုင်း ပိရမစ်ကို…
စိတ်နှစ်ကိုယ်နှစ်… ဖြစ်စေခဲ့တယ်…..။
လက်နက်သံ… ခက်ထန်နီရဲသော တိုက်ပွဲကို...
မှင်သက် ရပ်တန့်သွားအောင်… စွမ်းဆောင်နိုင်သောသူ…
ကိုယ့် အာဟာရရဲ့…
ထာဝရ ဗီတာမင်….
အစိမ်းရောင်… တောက်ပတွန်ကျူးတဲ့…
အောက်ဆီဂျင်…
ငါ့ သက်စောင့်ဓါတ်အတွက်… အမြဲ လိုအပ်နေမှာပဲလေ…
ဒါကြောင့်…
တစ်နေ့ကျရင်… မင်းလေးဆီကို…
ခိုပြာငှက်ရဲ့… အစွမ်းနဲ့….
အလင်းတန်းလို… ဦးတည် ပျံသန်းလာခဲ့မယ်…..။
အမြုတေ… နှလုံးသားအတွင်းက…
အရိုင်းဆန်တဲ့… ချစ်ခြင်းတွေအတွက်….
နွေးထွေး လင်းလက်တဲ့…
နေခြည်လို… မင်း ရင်ခွင်ကို…
ဟင်းလင်းဖွင့်လို့…. စောင့်လင့်ပါလေ …
ဇာမဏီငှက်တို့ရဲ့… အချစ်မျိုးနဲ့…
မင်း နဲ့ ငါ ……
ကမ္ဘာကျေတောင်… မပျက်စတမ်း…..
ပင်လယ်ပြာလို… အနက်ရှိုင်းဆုံး ချစ်ကြမယ်…….။
“ထာဝရ ဆောင်းသစ္စာ”
No comments:
Post a Comment