အမေစု

အားလုံးကိုချစ်ခင်လေးစားလျှက် ''ဤ Blog သည် မည်သည့်အဖွဲ့ အစည်းနှင့်မျှ ပက်သက်ဆက်နွယ်မှု မရှိပါ။

Wednesday, March 7, 2012

“ပဥာတ်ချက်”

“ပဥာတ်ချက်”

ဖြူစင်ဝင်းလက်.. ပန္နက်ခဲ့ဖူးတဲ့...

သစ္စာ...

ထားခဲ့ဖူးတာ.. သေချာရုံနဲ့....

အရာအားလုံး... ပြီးပြည့်စုံပါတယ်.....

နီးခြင်း ဝေးခြင်း.. ပဥာတ်များ..

ရင်ထဲ.. မခံစားတော့တာ..

ကြာခဲ့ပြီလေ...

မိုင်ထောင်ချီတဲ့ အဝေး...

အလင်းနှစ်နဲ့ပဲ တွက်တွက်....

အသံလှိုင်းနဲ့ပဲ... နှိုင်းနှိုင်း...

စိတ်အလျဉ်ရဲ့...

သွားနှုန်း ခရီး...

တားဆီးနိုင်မဲ့.. အရာ...

ငါ မြင်သာရင်... ထားခဲ့ပါ....

မင်း မေ့သွားမှာ.. ငါယုံပေးနိုင်တယ်...

သံယောဇဉ်ယူနစ်...

မင်း အပေါ် ဖြစ်ခဲ့တယ် ဆိုတာ...

ဘယ်အရာရဲ့ .. ဖျားယောင်းမှုမှ.. မပါခဲ့သလို....

ဝေးကွာခြင်း တရား.. မင်းထားခဲ့လဲ...

ငါ .. ခံစားပေးမှ...

လွမ်းဆွေးမှု ရသ မည်မယ်လေ...

မင်းလေး နားလည်တတ်ခဲ့မယ် ဆိုရင်...

ငါလိုနေတာ.. အချစ် မဟုတ်ဘူး..

ငါလိုအပ်တာ.. နီးစပ်ခြင်း မဟုတ်ဘူး..

နီးခြင်း ဝေးခြင်း.. ပဥာတ်များ..

ငါ မခံစားခဲ့တာ.. ကြာလှပြီ...

ရယူခြင်း. ပေးဆပ်ခြင်း....

အစွန်းလွတ်သော.. ငြိတွယ်ခြင်း တစ်စ....

ငါလိုအပ်တာက. မင်း ပျော်ရွှင်မှု....

ငါ့မျက်ရည် ... ပင်လယ်ဝေေ၀...

ငါ့... အသည်းတွေ.. တစ်စစီ ကြွေကြွေ....

နင်ကျေနပ်ရင်. ပြီးပါတယ်...

အရာအားလုံး.. တစ်က ပြန်မစချင်သလို..

ဘယ်အရာကိုမှ.. ပြည်ဖုံးကား ချဖို့ မလိုဘူး....

အလျားအနံ မရှိသလို..

အသွားအပြန်လဲ. မလိုတဲ့. သံယောဇဉ်..

ငါ့ရင်မှာ.. ဖြစ်တည်ခဲ့တာ...

မင်း ရှိနေမှ.. ဖြစ်တာ မဟုတ်ဘူး..

တစ်ယောက်ထဲ ချစ်လဲ... အချစ်ပဲ .. မည်ပါတယ်........။

“ထာဝရ ဆောင်းသစ္စာ”

No comments:

Post a Comment