Welcome To My Blog
A blog by လမင်းချစ်သူ
Saturday, December 31, 2011
`~အတိတ်ခြေရာ~`
Thursday, December 15, 2011
“ဆောင်း ကြွေ နွေ”
“ဆောင်း ကြွေ နွေ”
ဆီးနှင်းမြူဝေ..
ချွေတဲ့ ဆောင်း.. ပြန်ပြောင်းလို့ သစ်ခဲ့တယ်…
ပုရစ်ဖူးတို့ စီချယ်…
ရွက်သစ်တွေရယ်... ဝေခဲ့ပါပြီ………
အမြတ်နိုးဆုံး. နှင်း..
မင်းကို ချစ်ခြင်း သမုဒယ …
ယုယကာ ကျိန်တွယ် မပြတတ်ပေမဲ့…
ခုဘ၀မှာ..
သက်ဆုံးထိတိုင်…
စွဲမြဲခိုင်မာ … နှောင်တွယ်ကာငြိ….
မင်းသိစေချင်တဲ့ ဆန္ဒ…
ငါ့ရင်မှာ… ထာဝရ ရှိနေမှာပါ..။
အမှတ်တမဲ့နဲ့. မိုးလင်းခဲ့ရတဲ့…
ညတစ်ညရဲ့.. လရိပ်အောက်မှာ…
အမှတ်တရနဲ့ … ငြိခဲ့ရတာက…
ငါ့နှလုံးသားမှ… သံယောဇဉ်….
နှင်း… ပျောက်တဲ့ နွေ… ကို ....
ရင်မဆိုင်ရဲသော… ဆောင်း....
ရွက်ဟောင်းကြွေတတ်တဲ့…
နွေမျက်ဝန်းတွေ….
ရှစ်ခွင်မှိုင်းတဲ့ … အရိုင်းမြေမှာ ...
နေရစ်ခဲ့ဘို့ဆိုတာ…
ဆောင်းရင်ငွေ့နဲ့… အသက်ဆက်ရသူအဖို့…
ဆို့နင့်ကြေကွဲမှု…. ဇာတ်လမ်းတစ်ပုဒ်…
အရင်းအနှီးလုပ်ပြီး…
အဆုံးသတ် ပျက်ကြွေခြင်း… ဖြစ်ရမှာပါ…..။
အစိမ်းရောင်ခမ်းဆီးစတွေ…
လွင့်ပျံနေတာတောင်…
ရင်ထဲလှုပ်ခတ်လွန်းလို့…
ဆောင်းနှင်းစက်..ရဲ့…
အစိမ်းရောင်သန်းတဲ့..
ဒီမျက်ဝန်းနဲ့ ... စကားလုံး တစ်ချို့…
ငါရင်ဆိုင်ဘို့…
စွမ်းအား.. မရှိတာ မှန်ပေမဲ့...
နင်ချန်ခဲ့တယ် ဆိုရင်တော့ ...
နေခဲ့ရဲတဲ့ အားအင် ...
ရင်ထဲ ရှိအောင်... ပျိုးရမှာပါပဲ....။
ဒါပေမဲ့ ...
နင် မမေ့ပါနဲ့.. နှင်းစက်..
နင်ပေးတဲ့အသက်..နဲ့..
ဆောင်းရက်တွေ... ရှည်ခဲ့ရတာလေ...
နှင်းပျောက်တဲ့ နွေ မှာ....
ဆောင်းက ... ဘယ်လို အသက်ဆက်ရမှာတဲ့လဲ...?
ဖြေနိုင်တယ်ဆို ... ဖြေပါ နှင်းစက် ....
စိမ်းရက်ခဲ့မယ် ဆိုရင်လဲ...
ကြိုတင်လို့တော့... အသိပေးပါနော်..
ဆောင်းဥယျာဉ်က ... ပန်းကလေးတွေကိုလဲ...
ဝိုင်းကူ.. ငိုပေးတတ်အောင်...
ငါ... သင်ပေးထားချင်လို့ပါ....။
“ထာဝရ ဆောင်းသစ္စာ”
“ကဗျာ (သို့) ရင်ဖွင့်သူ”

ကဗျာဟာ.. ငါလား…
ငါဟာ.. ကဗျာလား…
ခွဲခြားဘို့ ခက်လှပေမဲ့ ….
ငါ ပျော်ရွှင်တဲ့အခါ…
ငါ့ အဖေါ်ဟာ.. ကဗျာ….
ငါ စိတ်ညစ်တဲ့ အခါ…
ဖေးမပေးတာ.. ကဗျာ…
ကဗျာတွေနဲ့.. ထုဆစ်..
ငါဟာ.. လူ ဖြစ်ခဲ့တယ်….။
စကားလေးတွေ.. လှချင် လှမယ်….
ဒါဟာ.. ကဗျာ ဖြစ်တယ်….
ကာရံတွေ.. နွဲ့ချင် နွဲ့မယ်…
ဒါဟာ.. ကဗျာ ဖြစ်တယ်…
အရေးအသားတွေ.. ထန်ချင် ထန်မယ်…
ဒါဟာ .. ကဗျာ ဖြစ်တယ်…
ကဗျာတွေကို…
ငါက ဖန်ဆင်းတာ မဟုတ်…
ကဗျာတွေကသာ.. ငါ့ကို ဖန်ဆင်းပါတယ်….
ကဗျာတွေက..
ပုံဖေါ်ထားတဲ့… ငါ့ အဇ္ဇျတ္တ…
ကဗျာတွေကြားမှ.. ငါ့ကို ရှာတွေ့နိုင်မှာပါ….။
ရင်တွင်း အပြုံး..
နှလုံးက မျက်ရည်…
အထိရောက်ဆုံး.. စကားလုံးလေးတွေနဲ့…
ရေးချယ်နိုင်တာ.. ကဗျာ….။
အပူမိသမျှ..
လူသိအောင် ပြ…
ရေးသီချနိုင်တာ.. ကဗျာ….။
ငါ့ ကဗျာတွေမှာ….
ရယ်မောသံစဉ်.. ပါချင် ပါမယ်…
ငိုကြွေး သံစဉ်.. ဖြစ်ချင် ဖြစ်မယ်…
ဘာတွေပဲ… ဖြစ်နေပါစေ….
ငါဟာ… ကဗျာ ဖြစ်သလို…
ကဗျာဟာ… ငါ ဖြစ်တယ်….
ကဗျာတွေနဲ့… ထုဆစ်…
ငါဟာ.. လူဖြစ်ခဲ့တယ်….။